ယူကရိန်း အရှေ့ပိုင်းတွင် အမြောက်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

474
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အမြောက်နဲ့ ပစ်ခတ်မှုတွေကြောင့် မေ ၁၃ ရက်နေ့က အရပ်သား လေးဦး သေဆုံးတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ပစ်ခတ်မှုအတွက် ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေကို အပြစ်တင် ထားပါတယ်။
၂၀၁၅ ဖေဖော်ဝါရီမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အစိုးရ တပ်ဖွဲ့နဲ့ သူပုန်တွေကြား လက်မှတ်ထိုး ချုပ်ဆိုခဲ့ပေမယ့် ပစ်ခတ်မှုတွေ ယူကရိန်းအရှေ့ပိုင်းမှာ ဆက်ဖြစ်နေဆဲပါ။
သဘောတူညီချက် ချိုးဖောက်မှု အတွက် ၂ ဖက်လုံးကို တဖက်ကို တဖက် အပြန်အလှန် အပြစ်တင် နေကြ ပါတယ်။
စနေနှောင်းပိုင်းက အစိုးရတပ်စွဲထားတဲ့ စက်မှုမြို့ အဗ်ဒီယစ်ဗ်ကာကို ခွဲထွက်ရေးသမားတွေက ပစ်ခတ်ခဲ့တယ် အမြောက်ဆံတခုက လူနေအိမ် ခြံဝင်းထဲ ကျခဲ့တာလို့ ယူကရိန်း ထိန်းချုပ်တဲ့ ဒန်ညက်စ်မြို့ ဒေသန္တရ အုပ်ချုပ်ရေးရုံး အကြီးအကဲ ပါဗလို ကျဲဗရစ်စကီက ပြောပါတယ်။
စွပ်စွဲချက်အပေါ် သူပုန်တွေက မှတ်ချက် မပေးပါဘူး။ ရှေ့တန်းစည်းရဲ့ တဖက်ခြမ်းမှာ အရပ်သား ၂ ဦး သေဆုံးတယ်လို့ ခွဲထွက်ရေး သမားတွေနဲ့ ပတ်သက်တဲ့ သတင်းဌာနက ရေးခဲ့ပါတယ်။