အိုင်အက်စ်ထိန်းချုပ် မိုဆူးလ်မြို့၏ ၉၀ ရာခိုင်နှုန်းကျော် ပြန်ရပြီဟု အီရတ်ပြော

Members of the Iraqi Federal Police stand guard during clashes with Islamic State fighters at a frontline in western Mosul, Iraq May 2, 2017. REUTERS/Danish Siddiqui
433
အီရတ်နိုင်ငံ မြောက်ပိုင်းက မိုဆူးလ်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် အကြမ်းဖက်သမားတွေ လက်ထဲကနေ ပြန်ရပြီလို့ အီရတ်အစိုးရ အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။
မိုဆူးလ်မြို့ အနောက်မြောက်ဘက်က စစ်မျက်နှာသစ်ကို ဖွင့်အပြီးမှာ အစွန်းရောက်သမားတွေဆီက ကာနီဆာ ဒေသကို သိမ်းပိုက်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးရဲ့ မီဒီယာ အကြံပေး ဝါဟက်ဘ် အယ်လ်တိုင်က ပြောပါတယ်။
မေ ၁၂ ရက်နေ့မှာ အစိုးရတပ်တွေက ဟာမတ်ဒေသကို ပြန်ရခဲ့တာပါ။ ဒီဒေသတွေဟာ မိုဆူးလ်ရဲ့ အရေးကြီးတဲ့ ဒေသ ၂ ခုပဲလို့ သူက ဆက်ပြောပါတယ်။
မိုဆူးမြို့ကို ပြန်ရတဲ့ အောင်ပွဲဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အဆုံးသတ်တာမ ဟုတ်ဘူး၊ အကြမ်းဖက် ဝါဒ ကျဆုံးဖို့ လုပ်စရာတွေ အများကြီး ကျန်နေပြီး နိုင်ငံတကာ ထောက်ပံ့ ကူညီမှုတွေ လိုလိမ့်မယ်လို့ အယ်လ်တိုင်းက အလေးအနက် ပြောပါတယ်။
အီရတ် အနောက်ပိုင်းက ဆီးရီးယားနဲ့နယ်စပ် ကီလိုမီတာ ၄၈၀ ကို ကာကွယ်ဖို့ နယ်စပ် ကာကွယ်ရေး ဗျူဟာကို ချထားပြီ နိုင်ငံတကာ ပူးပေါင်းအားထုတ်မှု အများကြီး လိုအပ်တယ်လို့ သူက ဆိုပါတယ်။
အီရတ်နိုင်ငံအတွင်း မြို့တွေမှာ ပုန်းနေတဲ့ အကြမ်းဖက်သမားဦးရေ အမြောက်အမြား ကျန်ရှိနေဆဲမို့ သူတို့အားလုံးကို နှိမ်နင်းဖို့က လွယ်တဲ့အလုပ် မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။