ရေကြောင်းနှင့်လေကြောင်းလူငယ်များ အိန္ဒိယ စစ်ရေယာဉ်ကို သွားရောက်လေ့လာ
DVB
·
May 14, 2017
မြန်မာနိုင်ငံကို ချစ်ကြည့်ရေးခရီးအဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယ အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS RAJPUT ကို ရေကြောင်းနှင့်လေကြောင်းလူငယ်တွေ မေ ၁၃ ရက် က သွားရောက်လေ့လာခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ရေကြောင်းနဲ့ လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၇)တို့မှ သင်တန်းသား၊ သင်တန်းသူတွေဟ အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS RAJPUT သွားရောက်လေ့လာရာ တာဝန်ရှိသူတွေက ရှင်းလင်းပြသခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒ့ါ့အပြင် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူတွေဟာ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်စခန်း(အင်းယားကန်) မှာ လှေလှော်ရွက်တိုက် လေ့ကျင့်ခန်း စာတွေ့၊ လက်တွေ့ သရုပ်ပြ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး