မန်ယူအသင်းခေါင်းဆောင် ရွန်နီ ကက်စီနိုတွင် ၂ နာရီအတွင်း ပေါင် ၅ သိန်း ရှုံး

877
မန်ချက်စတာအသင်းရဲ့ ခေါင်းဆောင်နဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဝိန်းရွန်နီက မန်ချက်စတာ ကက်စီနိုမှာ လောင်းကစားလုပ်ရင်း ၂ နာရီအတွင်း ပေါင် ၅ သိန်း ရှုံးနိမ့်ခဲ့တယ်လို့ သည်ဆန်းရဲ့ မေလ ၁၃ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ကြယ်ပွင့်တဦးဖြစ်ပြီး မန်ချက်စတာအသင်းရဲ့ခေါင်းဆောင်ဟာ ရူလက်နဲ့ဘလက်ဂျက်လို့ခေါ်တဲ့ လောင်းကစားနည်းမှာ ရှုံးမဲ မဲရင်း ငွေတွေ ရှုံးခဲ့တာလို့ ဆိုပါတယ်။
မန်ချက်စတာရဲ့ ၂၃၅ ကက်စီနိုက မျက်မြင်တဦးက “သူက အနီရောင်ပေါ်မှာ အရမ်းလောင်းခဲ့တယ်” လို့ ပြောပါတယ်။
ရူလက်နဲ့ဘလက်ဂျက်လောင်းကစားမှာပဲ ၁ မိနစ်အတွင်း ရွန်းနီက ပေါင် ၄ ထောင်ကျော် ရှုံးနိမ့်ခဲ့တယ်လို့ဆိုပါတယ်။
ရွန်နီက ညသန်းခေါင်လောက်ကြီး ကက်စီနိုကို တယောက်တည်းရောက်လာပြီး လောင်းကစား ၂ မျိုးကို ၂ နာရီကြာအောင် ကစားခဲ့တယ်၊ ဘီယာသောက်ခဲ့တယ်လို့ ကက်စီနိုမှာ ဘေးက ကြည့်နေသူတွေက ဆိုပါတယ်။
“ဝိန်းက လုံးဝကြီးကို အသိတရားမရှိတာပဲ၊ သူဘီယာတလုံးသောက်ပေမယ့် မမူးပါဘူး။ သူက သောက်တာထက်စာရင် လောင်းကစားလုပ်တာကို ပိုစိတ်ဝင်စားတယ်။ ရူလက်လောင်းကစားကို ကစားချိန်မှာ သူက အနီရောင်ကို အများကြီး လောင်းကြေးထပ်ခဲ့တယ် တစ်ခုတည်းဖြစ်တဲ့ နံပါတ်တွေကိုပဲ မနိုင်နိုင်ပေမယ့် လောင်းတယ် ဆက်တိုက်ရှုံးတယ်။ ဒါပေမယ့် အဲလိုရှုံးသွားတာနဲ့ သူက လောင်းကြေးကို ထပ်မြှင့်လိုက်တယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။
“သူကရှုံးမဲမဲခဲ့တာ၊ အဲဒါက ပိုဆိုးသွားတယ်၊ ကက်စီနိုကလူတွေလည်း ဘာတွေဖြစ်နေလဲဆိုပြီး သူ့ကို အံအားသင့်ပြီး ဝိုင်းကြည့်နေကြတယ်။ အဆုံးမှာ သူကြည့်ရတာလည်း တော်တော်လေး စိတ်မကောင်းဖြစ်နေပုံရတယ်”
“ကက်စီနိုက ဝန်ထမ်းတွေကတော့ အမြဲတမ်း သူ့ကို ဂရုစိုက်ကြပါတယ်။ သူကဒီမှာ ဗွီအိုင်ပီ တဦးအနေနဲ့ ဆက်ဆံခံရတာပါ။ သူ့ဝင်ငွေက အများကြီးပါ။ ဒါပေမယ့်လည်း ရူးလောက်တဲ့ ငွေကြေးတွေလည်း သူ ရှုံးခဲ့တယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားတဲ့ ဝိန်းရွန်နီရဲ့ တပတ်ဝင်ငွေက ပေါင် ၃ သိန်းရှိတယ်လို့လည်း သိရပါတယ်။