A d v e r t i s e m e n t With Us

ဂိမ်းကစားနေစဉ် ကြားဝင်ဖြတ်မိသည့် မိခင်ဦးခေါင်းကို သားဖြစ်သူက ရိုက်နှက် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဂိမ်းကစားနေတဲ့သားဖြစ်သူနဲ့ ဖုန်းအကြား ကြားဖြတ်မိတဲ့ မိခင်ရဲ့ ဦးခေါင်းကို ဒေါသဖြစ်သွားသူ သားက တရစပ်ရိုက်နှက်တဲ့ ရုပ်သံ မိခင်များနေ့ မတိုင်ခင်လေးမှာပဲ လူမှုကွန်ရက်စာမျက်နှာတွေထက် ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံ ဂျက်ဂျီရန်ခရိုင် ဝမ်ဂျုးမြို့က ဈေးဆိုင်တဆိုင်မှာ ဒီရုပ်သံကို ဖမ်းယူ ရိုက်ကူးမိတာပါ။ မိခင်က ဂိမ်းကစားနေတဲ့ သားရဲ့မြင်ကွင်းကို စက္ကန့်ပိုင်းလေးပဲ ပိတ်မိချိန်မှာ သားကချက်ခြင်း ဒေါသထွက်ပြီး မိခင်ရဲ့ဦးခေါင်းကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တာပါ။ ဆိုင်အလုပ်သမား ဝင်ရောက်မဟန့်တားခင် အချိန်ကလေးမှာပဲ ရိုက်နှက်တာ ရပ်လိုက်တာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ “ဂိမ်းကစားနည်းရဲ့အရေးကြီးတဲ့အချိန်မှာ မိခင်က ကြားဝင်ဖြတ်လိုက်လို့ သားက ဒေါသထွက်သွားတာ ဒီကလေးက အထက်တန်းကျောင်းသားတဦး” လို့ ဒေသခံ ကျောင်းဆရာက သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်နိုင်ငံ ဟာဘင်မြို့မှာ ပြီးခဲ့တဲ့နှစ်ကလည်း မင်္ဂလာလက်ဆောင်အတွက် အိမ်ခန်း တခန်းပဲ ဝယ်ပေးခဲ့လို့ ဒါက အရမ်းနည်းတယ်ဆိုပြီး မိဘနှစ်ပါးကို သားက လမ်းလယ်ခေါင်မှာ ရိုက်နှက်ခဲ့တဲ့ လက်ခံစရာမရှိတဲ့ အလွန်ရိုင်းပြတဲ့ အပြုအမူကို လူငယ် တယောက်က လုပ်ခဲ့သေးတယ်လို့ ရှန်ဟိုင်းရစ်စ်သတင်းမှာ မေလ ၁၂ ရက်နေ့က ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up