A d v e r t i s e m e n t With Us

အာကာသယာဉ်မှူး ခေါင်းစွပ်ကင်မရာမှ ရိုက်ထားသည့် ဗွီဒီယိုဖိုင် ဖြန့်ချိ (ရုပ်သံ)


by dvburma အာကာသယာဉ်မှူးရဲ့ ခေါင်းစွပ်မှာတပ်ထားတဲ့ ကင်မရာကနေ ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ကို နာဆာက ထုတ်လွှင့်လိုက်ပါတယ်။ အဲဒီဗွီဒီယိုဟာ မတ် ၂၀ ရက်နေ့မှာ နိုင်ငံတကာ အာကာသစခန်းက အရာရှိနှစ်ဦး အပြင်ထွက်ပြီး စစ်ဆေးပြုပြင်မှုလုပ်တဲ့အချိန်မှာ ရိုက်ထားတဲ့ အာကာသမြင်ကွင်းတွေ ဖြစ်ပါတယ်။ အဲဒီအရာရှိ ၂ ဦးထဲက ၁ ဦးဟာ အာကာသထဲမှာ ၁၇၃ ရက်နေခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာ ကမ္ဘာပေါ်ပြန်လာခဲ့တာပါ။ နောက် ၁ ဦးကတော့ အာကာသစခန်းမှာ စက်တင်ဘာအထိ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ပြီးခဲတဲ့ ဧပြီ ၂၄ ရက် အာကာသစခန်းမှာ ကျန်နေခဲ့တဲ့ အမျိုးသမီးအရာရှိ Peggy Whitson ဟာ အာကာသထဲ ရက်အကြာဆုံးနေထိုင်သူအဖြစ် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတတယ်။ အရင် စံချိန်ချိုးခဲ့တဲ့ နာဆာ အရာရှိက အာကာသထဲမှာ ၅၃၄ ရက်နဲ့ ၂ နာ၇ီ ၄၈ မိနစ်နေခဲ့တာလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up