ရုရှားနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားခြင်းမရှိဟု ဒေါ်နယ်ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့မှာ ရုရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတာ မရှိဘူးလို့ အန်ဘီစီရုပ်သံကို ပြောလိုက်ပါတယ်။ ဒီအကြောင်းကို ရီပတ်ဘလစ်ကန်အမတ် လင်ဆေး ဂရေဟမ်ဆီ စာပေးပို့ပြီးပြီလို့လည်း ပြောပါတယ်။ "ရုရှားနဲ့ ဘာပတ်သက်မှုမှ မရှိဘူး၊ ချေးငွေလည်း မရှိဘူး" လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အက်ဖ်ဘီအိုင် ပြည်ထောင်စုထောက်လှမ်းရေးဗျူရို အကြီးအကဲဟောင်း ဂျိမ်းစ် ကိုမေကို ဟန်ပြပဲလို့ သုံးနှုန်းပြောဆိုခဲ့လို့ အတိုက်အခံတွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။ လက်ရှိ အက်ဖ်ဘီအိုင် အကြီးအကဲကရော အမေရိကန်ရဲ့ ထိပ်တန်း လွှတ်တော်အမတ်တွေကပါ ထရမ့်ကို ဆန့်ကျင် ပြောဆိုခဲ့တာပါ။ လက်ရှိ အက်ဖ်ဘီအိုင် အကြီးအကဲကတော့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပွဲတွေနဲ့ ရုရှားအစိုးရကြား ပတ်သက်မှုတွေကို အားကြိုးမာန်တက် ဆက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up