A d v e r t i s e m e n t With Us

မီးပလပ်ခုံအပူလွန်ကဲရာမှ ဆိုင်ခန်း ၃ ခန်းနှင့် ဆိုင်ကယ်တစီး မီးလောင်

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ရန်ကုန် မော်လမြိုင်ကားလမ်းဘေးမှာ  မေ ၁၂ ရက်နေ့၊ မနက် ၁ နာရီလောက်က မီးပလပ်ခုံ အပူလွန်ကဲရာမှ ဆိုင်ခန်း ၃ ခန်းနဲ့ မော်တော်ဆိုင်ကယ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ “ဖြစ်တာက သမဝါယမအသင်းရုံးခွဲပိုင်ဆိုင်ခန်းမှာ သုံးတဲ့ မီးပလပ်ခုံကနေ အပူလွန်ကဲပြီး လောင်တာပါ။ မီးပလပ်ခုံတခုတည်းမှာ အသုံးပြုတာတွေကများလာတဲ့အတွက် ကာလကြာလာ တော့ ဖြစ်တာပါ။ နောက်တစ်ခုက ဆိုင်ခန်းတွေမှာ ညဘက်လူကမနေတော့ ပိုဆိုးတာပေါ့။ လူနေရင်တောင်ဖြစ်ဖြစ်ချင်းသိရင် အမြန်ငြိမ်းလိုက်နိုင်ပါတယ်” လို့ သထုံခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောပါတယ်။ မီးလောင်ရာနေရာကို သထုံခရိုင်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၅ စီး နဲ့အတူ ပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးပေါ့ဆစွာအသုံးပြုသူကို သထုံမြို့မရဲစခန်းက အမှုဖွင့်နိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး

A d v e r t i s e m e n t With Us

More News
Up