Home
မြန်မာသတင်း
ကော့သောင်းတွင် ၁၅ နှစ်အရွယ် မိန်းကလေးကို အမျိုးသား ၂ ဦးက အဓမ္မပြုကျင့်
DVB
·
May 12, 2017
ကော့သောင်းမြို့ မာရမ်းကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာ၊ ခမောက်ငယ် ဆီအုန်းပျိုးခင်းဇုန်အတွင်း မေ ၉ ရက်နေ့က အသက် ၁၅ အရွယ် မိန်းကလေးတဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မာရမ်းရဲတပ်ဖွဲ့က ပြောပါတယ်။ ပြုကျင့်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် မ------ ရဲ့ မိခင် ဖြစ်သူ က ဆီအုန်းစိုက်ပျိုးရေး လုပ်ကွက်တာဝန်ခံ ခင်ဇော်နဲ့ ဆီအုန်းလုပ်သား တင်အေးတို့ နှစ်ဦးက အဓမ္မပြုကျင့်ကြောင်း တိုင်တန်းချက်အရ အောင်ချမ်းသာကျေးရွာအုပ်စု မာရမ်းရဲစခန်းက မ------- ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရဲစခန်းမှူး ရဲအုပ် ယဉ်ထွေးက ပြောပါတယ်။ စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့တဲ့ ၁ လလောက်က မ------- က ဆီအုန်းအလုပ်စခန်းက အိမ်ကိုပြန်လာချိန် လုပ်ကွက်တာဝန်ခံ ခင်ဇော်က လိုက်ပို့ပေးမယ်လို့ပြောပြီး လမ်းမှာလမ်းဘေးချုံပုတ်အတွင်းကို ဆွဲခေါ်ပြီး သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အဲဒီနောက် လွန်ခဲ့တဲ့ ၂၀ ရက်လောက်က မ------ဟာ မိမိနေအိမ်တွင် တဦးတည်း ထမင်းချက်နေချိန် ဆီအုန်းလုပ်သား တင်အေးက နေအိမ်နောက်ပေါက်ကနေ အိမ်ပေါ်တက်လာပြီး မ------ကို ဖုန်းဝယ်မေးမယ်၊ ရန်ကုန်ကို ခိုးပြေးကြမယ်လို့ ပြောဆိုပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ် ၁ ကြိမ် ပြုကျင့်ခဲ့ရကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ခင်ဇော် နဲ့ တင်အေး တို့ကို မာရမ်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲအုပ်ယဉ်ထွေးက ဒီဗွီဘီ ကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024