မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေ ပြန်လည်သုံးသပ်ရန် လိုအပ်
သူဇာလင်း
·
May 12, 2017
မြန်မာနိုင်ငံ ကလေးသူငယ်နဲ့ပတ်သက်တဲ့ဥပဒေ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business - MCRB) ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောပါတယ်။
ခရီးသွားလုပ်ငန်းတွေမှာ ကလေးလုပ်သားတွေ များပြားလာတာဟာ ကလေးသူငယ်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ MCRB က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကလေးသူငယ်တွေဟာ စားသောက်ဆိုင်တွေ လုပ်ကိုင်နေတာ၊ လက်ဆောင်ပစ္စည်းတွေ ရောင်းချတဲ့နေရာတွေမှာ၊ ဧည့်လမ်းညွှန်နဲ့ တောင်းရမ်းစားသောက်တာတွေ လုပ်ကိုင်နေကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။