Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ကျပ်သိန်း ၂၀၀​ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 11, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ် နဘားကားလမ်းဆုံတွင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မေ ၁၀ ရက် မနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ရဲအုပ်သန်းထွန်းလှိုင်က ပြောပါတယ်။ မေ ၁၀ ရက် မနက် ၉ နာရီခွဲက ကသာမူးယစ်တပ်ဖွဲ့စု (၆) မှ ရဲအုပ်ကျော်မင်းထိုက်နဲ့ အဖွဲ့ဟာ သက်သေတွေနဲ့အတူ အင်းတော်မြို့နယ်၊ နဘားကျေးရွာ မော်တော်ကားလမ်းဆုံ မန္တလေး-မြစ်ကြီးနားသွား ကားလမ်းမှာ မူးယစ်ဆေးသတင်းအရ စောင့်ဆိုင်းနေစဉ် ကသာမြို့ ဘက်မှ အေးမင်းထွန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့တာပါ။ ဆိုင်ကယ်ရှေ့ ခွကြားမှာ ညှပ်ရက် သယ်ဆောင်လာတဲ့ indizo စာတန်းပါ အနက်ရောင် ကျောပိုးအိတ်ဟောင်း ၁ လုံးအတွင်း ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ ရောင်စုံဆပ်ပြာခွက်တွေ ထဲမှာ ထည့်ထာတဲ့ ဘိန်းဖြူအလေးချိန် ၁၂၈ ဂရမ်၊ ကာလတန်ဖိုး ၁၂,၈၀၀,၀၀၀ ကျပ်၊ ရှမ်းစက္ကူနဲ့ ထုပ်ပိုးထားတဲ့ WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၂၀၀ ပြား၊ အလေးချိန် ၁၂ ဂရမ် တန်ဖို့ ၆,၀၀၀,၀၀၀ ကျပ်နဲ့ အေးမင်းထွန်း ကိုင်ဆောင်တဲ့ Oppo အမျိုးအစား ဖုန်း ၁ လုံးအပြင် အေးမင်းထွန်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်က ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျောက်ထုံးကြီးရွာ၊ ကသာမြို့နယ် နေသူ အေးမင်းထွန်း (၃၅-နှစ်)ကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ) ၃၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024