လာမည့်ရာသီ မန်ယူတွင် ဆက်နေလိုဟု ရွန်နီ ပြော

ဓာတ်ပုံ - ရိုက်တာ
544
မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နီက အသင်းမှာ ပုံမှန်ကစားနိုင်မယ်ဆိုရင် နောက်ရာသီ အသင်းမှာ ဆက်လက်နေလိုတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ မန်ယူအသင်းမှာ ကစားခဲ့တာ ၁၃ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ရွန်နီဟာ မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး ခြေစွမ်းလည်း မပြနိုင်ဘဲ ဖြစ်နေခဲ့တာပါ။
လာမယ့်နွေရာသီမှာ ရွန်နီ အသင်းကနေထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရွန်နီကတော့ အကောင်းဆုံးကြိုးစားပြီး အသင်းကို ကူညီချင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝိန်းရွန်နီဟာ မန်ယူအသင်းမှာ ပွဲပေါင်း ၃၉၀ ကစားခဲ့ပြီး ၁၈၂ ဂိုး သွင်းယူထားခဲ့ပါတယ်။