ဒိုက်ဦးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦး သေဆုံး
DVB
·
May 11, 2017
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကောလိယတံတားအနီး ရန်ကုန် - မန္တလေး ကားလမ်းမှာ မေ ၁၀ ရက် ညနေ ၆ နာရီလောက်က ယာဉ်တိုက်မှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက ပြောပါတယ်။
ရန်ကုန် - မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၈၅ အနီးမှာ ဒိုက်ဦးမြို့နယ်နေသူ မောင်ပိန် စီးနှင်လာတဲ့ စက်ဘီးအား ရန်ကုန်ဘက်ကနေ မန္တလေးဘက်သွားတဲ့ ယာဉ်ကြောတူနောက်မှ မြစ်သားမြို့နေ အောင်ဇေယျာဦး မောင်းနှင်လာတဲ့ ယာဉ်အမတ် TLR/8693 ၁၈ ဘီး ယာဉ်အမျိုးအစားယာဉ်က အရှိန်မထိန်းနိုင်ဘဲနောက်ကနေ ဝင်တိုက်မိလို့ စက်ဘီးစီးနင်းသူဟာ ကားရဲ့ ယာဘက်အနောက်ဘီးနဲ့ ညှပ်ပါသွားပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး စက်ဘီးစီးနင်းလာသူအား တိုက်မိပြီး သေဆုံးဒဏ်ရာရရှိစေသူ အောင်ဇေယျာဦးအား ဒိုက်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျှော့ခြင်းဖြစ် လူသေစေမှု) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်