A d v e r t i s e m e n t With Us

ကိုလံဘီယာမြို့တော်တွင် အငှားယာဉ်မောင်းများ ဆန္ဒပြ

ဓာတ်ပုံ - teleSUR
ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာမှာ မေလ ၁၀ ရက်နေ့က အငှားယာဉ်မောင်းတွေ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဘိုကိုတာမြို့မှာ အူဘာ (Uber) လို့ခေါ်တဲ့ မိုဘိုင်းဖုန်းကတဆင့် ဖုန်းခေါ်ပြီး တက္ကဆီငှားတဲ့ ကုမ္ပဏီတွေ များလာတောကြောင့် အရင်ကတည်းကရှိနေတဲ့ ရိုးရိုးအငှားယာဉ်သမားတွေ စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြကြတာပါ။ ဘိုကိုတာမြို့ရှိ Taxi Libre နဲ့ မက်ဒလင်းမြို့ရှိ Taxi Individual ကုမ္ပဏီတွေဟာ ငှားရမ်းလိုသူတွေကို မိုဘိုင်းဖုန်းကတဆင့် လက်ခံနေတာ ဖြစ်ပါတယ်။ လူတဦးက တနေရာရာကို ခရီးသွားချင်လို့ ကုမ္ပဏီကို ဖုန်းခေါ်လိုက်ပြီဆိုတာနဲ့ အဲဒီလူ ဘယ်မှာရှိနေလဲဆိုတာကို မိုဘိုင်းဖုန်းကတဆင့် ကုမ္ပဏီက သိရှိပြီး လုံခြုံစိတ်ချရတဲ့ အငှားယာဉ်တစီးကို ချက်ချင်းစေလွှတ်ပြီး ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။ ဒါ့အပြင် Easy Taxi နဲ့ Tapsi လို ကုမ္ပဏီတွေကလည်း မိုဘိုင်းဖုန်းကတဆင့် ဝန်ဆောင်မှုပေးနေပြီး တနိုင်ငံလုံးမှာ အသုံးတွင်ကျယ်လာပါတယ်။ ဒီ့အတွက် ရိုးရိုး အငှားယာဉ်မောင်းတွေ ဝင်ငွေတဝက်လောက် ကျဆင်းခဲ့တယ်လို့ ယာဉ်မောင်းတွေက ပြောပြီး အခုလို ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်။ ဘိုဂိုတာမြို့တော်ဝန်ကတော့ ရိုးရိုးအငှားယာဉ်မောင်းတွေ အနေနဲ့လည်း ခေတ်မီနည်းပညာကို အသုံးပြုပြီး မိုဘိုင်းဖုန်းကတဆင့် ဝန်ဆောင်မှုပေးတာမျိုး ခရက်ဒစ်ကတ်နဲ့ ငွေပေးတဲ့စနစ်မျိုးကို အသုံးပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up