လူကာကူကို အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြင့် ပြောင်းနိုင်ရေး အေးဂျင့် ကြိုးပမ်း

ဓာတ်ပုံ - ရိုက်တာ
429
စူပါအေးဂျင့် မီနိုရွိုင်အိုလာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အဲဗာတန်တိုက်စစ်မှူး ရိုမယ်လူကာကူကို ဘောလုံးသမိုင်းတလျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
လူကာကူအတွက် ပြောင်းရွှေ့ကြေးကတော့ ပေါင် သန်း ၁၀၀ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ ဒသမ ၃ သန်းကို သာလွန်သွားခဲ့မှာပဲ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ မီနိုရွိုင်အိုလာဟာ ပြီးခဲ့တဲ့ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ရဲ့ အပြောင်းအရွှေ့မှာလည်း ပေါင် ၄၁ ဒသမ ၃၉ သန်းထိ ရရှိခဲ့သူဖြစ်ပါတယ်။
လူကာကူရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ပါကလည်း ရွိုင်အိုလာအနေနဲ့ ပေါင် ၄၁ သန်းထိ ရရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ လူကာကူရဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်းထိ ရရှိနိုင်ဖို့အတွက် ကြိုးစားနေပြီး လူကာကူကို မန်ယူအသင်းနဲ့အတူ ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေခဲ့ပါတယ်။