တရုတ်တွင် ပြင်းအား ၅ ဒသမ ၅ ရှိ မြေငလျင်လှုပ်၊ လူ ၈ ဦး သေဆုံး (ရုပ်သံ)
Published By
DVB | 11 May, 2017
566
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသမှာ ဒီကနေ့ ပြင်းအား ၅ ဒသမ ၅ မဂ္ဂနီကျုရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်က လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေဟာ ငလျင်လှုပ်ခတ်ရာဒေသကို သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။
မြေငလျင်ဟာ ကတ်ရှ်ဂါနယ်ရဲ့ တာရှ်ကော်ဂန်အရပ် မြေအောက်အနက် ၅ မိုင်ခန့် အကွာကနေ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရ မြေငလျင်တိုင်းတာရေးဌာနက ဆိုပါတယ်။
ရှင်းကျန်းဒေသဟာ မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပေမယ့် အများအားဖြင့်တော့ ထိခိုက်မှု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။