စစ်ကိုင်းတိုင်း ကျေးလက်ကျန်းမာရေးဌာနများကို ဆိုင်ကယ်အစီး ၂၀၀ ကျော်ခွဲဝေပေး
DVB
·
May 11, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသ ကျန်းမာရေးဌာနတွေကို 125 ဟွန်ဒါအမျိုးစား ဆိုင်ကယ်တွေကို ခွဲဝေပေးနေပါတယ်။
အဆိုပါ ဆိုင်ကယ်များကို ကျေးလက်ကျန်းမာရေးကူညီစောင့်ရှောက်မှုမှာ အသုံးပြုနိုင်ဖို့ ပေးအပ်တာဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။
မေလ ၉ ရက်နေ့မှစတင်ပြီး ကျေးလက်ဒေသကျန်းမာရေးဌာန တဌာနစီကို ဆိုင်ကယ် ၁ စီးနှုန်းကျ ခွဲဝေပေးနေတာဖြစ်ပြီး ဆိုင်ကယ်တွေကို တိုင်းကျန်းမာရေးရုံးမှာ လာရောက် ထုတ်ယူဖို့ကိုလည်း ကျေးရွာအသီးသီးသို့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ခရိုင် ၉ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်ရှိပြီး ကျေးလက် ကျန်းမာရေးအတွက် ဆိုင်ကယ်အစင်းရေ စုစုပေါင်း ၂၃၅ စင်း ခွဲဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး