Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်နိုင်ရေးနောက်ဆုံးအချိန်ထိ ကြိုးပမ်းမည်
အောင်ဆန်းဦး
·
May 10, 2017
  မေလ ၂၄ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ အားလုံးပါဝင်နိုင်ရေးအတွက် နောက်ဆုံးအချိန်အထိ ကြိုးပမ်းသွားမယ်လို့ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးဝင်းက ပြောပါတယ်။ “ခုနောက်ဆုံးအချိန်ထိတော့ ဒီညီလာခံ မကျင်းပမချင်းတော့ ပါဝင်နိုင်သမျှပါဝင်နိုင်အောင် ကြိုးပမ်းနေပါတယ်။ ဒါကြောင်မို့လို့ အဲကိစ္စနဲ့ပတ်သက်ပြီးတော့ UPDJC မှာဘဲ ဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုအခြေနေမှာတော့ ဆုံးဖြတ်ထားတာမရှိသေးပါဘူး။ အားလုံးပါဝင်နိုင်ရေးကို ကြိုးပမ်းနေတယ်ဆိုတဲ့ အနေအထားလောက်ပဲရှိသေးတယ်။ မပါဝင်နိုင်ဘူးဆိုတဲ့ အခြေအနေမှာတော့ ဆုံးဖြတ်ထားတာမျိုး UPDJC မှာတော့ မရှိသေးဘူး။ မပါနိုင်သေးတဲ့ သူတွေအတွက် ကြိုတင်ပြီးတော့ မပါနိုင်ဘူးဆိုပြီးတော့ မျော်မှန်းပြီး ချထားတာမျိုးမရှိသေးဘူး။ ပါနိုင်သမျှပါအောင်တော့ ညီလာခံ နောက်ဆုံးအချိန်ထိ ကြိုးပမ်းမယ်ဆိုတဲ့ မူနဲ့ပဲ ကြိုးပမ်းနေတာဖြစ်တယ်” လက်ရှိအချိန်မှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တင်ပြလာတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေး၊ လုံခြုံရေး ကဏ္ဍတွေနဲ့ပတ်သက်ပြီး လုပ်ငန်းကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ မေလ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်တာကျင်းပခဲ့ပါတယ်။ အဲဒီလုပ်ငန်းကော်မတီအစည်းအဝေးတွေကနေ ချမှတ်တဲ့ အခြေခံသဘောတူညီချက် မူဝါဒတွေကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးပေါင်းကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ကနေ ဦးစားပေးအစီအစဉ်တွေ ရွေးချယ်ချမှတ်သွားမှာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024