A d v e r t i s e m e n t With Us

ရီးရဲလ် ဗိုလ်လုပွဲတက်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်

စပိန်လာလီဂါ ထိပ်သီးကလပ်တွေဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို တီကိုကွင်းမှာ ဒီနေ့ည ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပထမအကျော့က ၃ ဂိုးပြတ်ရှုံးခဲ့တာက အက်သလက်တီကိုအတွက် ပြန်လာဖို့ ခက်ခဲသွားစေပါတယ်။ အက်သလက်တီကိုတို့ နောက်တဆင့်တက်ဖို့အတွက် မဖြစ်နိုင်တော့ပေမယ့် ဒါဘီပြိုင်ဘက်ကို အိမ်ကွင်းမှာ အနိုင်ပြန်ယူဖို့ အားထည့်ဦးမှာပါ။ ရီးရဲလ်မက်ဒရစ်က ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အရန်တွေကို ပွဲထုတ်ခဲ့တာတောင် ၄ ဂိုးပြတ်သွင်းခဲ့ပါတယ်။ လက်ရှိ ရီးရဲလ်ရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာရှိနေပြီး ဂရန်နာဒါနဲ့ပွဲမှာ အနားပေးခဲ့တဲ့ စီရော်နယ်ဒို အပါအဝင် မိုဒရစ်၊ မာဆယ်လို၊ တိုနီခရူးစ်တို့နဲ့ လူစုံပွဲထွက်လာဖို့ ရှိနေပါတယ်။ စီရော်နယ်ဒိုကလည်း မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုး အရေအတွက်ကို မီဖို့အတွက် ဒီပွဲမှာ ဂိုးရဖို့ အာရုံစိုက်ကစားမှာပါ။ ရီးရဲလ်က ဒီပွဲပြီးရင် ဆီဗီလာနဲ့ ပွဲကျပ်ကစားရဖို့ပေမယ့် အက်သလက်တီကိုရဲ့ ခြေစွမ်းက အားရစရာ သိပ်မရှိလို့ ပုံစံကောင်းပြနေတဲ့ ရီးရဲလ်ပဲ အနိုင်ယူသွားဖို့ များပါတယ်။

A d v e r t i s e m e n t With Us

More News
Up