A d v e r t i s e m e n t With Us

လွှတ်တော်တွင်း ပထမဆုံး နို့တိုက်ခွင့်ရခဲ့သည့် အမျိုးသမီး လွှတ်တော်အမတ် (ရုပ်သံ)

သြစတြေးလျ နိုင်ငံရေးပါတီတခုဖြစ်တဲ့ The Greens Queensland ရဲ့ ပူးတွဲတည်ထောင်သူ အမျိုးသမီးလွှတ်တော်အမတ်တဦးဖြစ်တဲ့ လာရီဆာ ဝါးတားစ်ဟာ လွှတ်တော်တွင်းမှာ ကလေးနို့တိုက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးတဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ကလေးမီးဖွားပြီး ၂ လအကြာမှာ ရုံးပြန်တက်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့က ကျင်းပတဲ့ ဗဟိုပါလီမန်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ရတာပါ။ ဝါးတားစ်ဟာ သမီးဖြစ်သူ အယ်လီယာဂျွိုင်းကို သူနဲ့အတူ ခေါ်ဆောင်လာခဲ့ပြီး နောက်မှာ လွှတ်တော်တွင်း နို့ချိုတိုက်ကျွေးခဲ့တာပါ။ သူက ဒီအဖြစ်အပျက်ကို တွစ်တာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး လွှတ်တော်တွင်း ပထမဆုံး နို့တိုက်ရတဲ့ အတွေ့အကြုံအတွက် ဂုဏ်ယူမိကြောင်း ရေးသားခဲ့ပါတယ်။ “ကျမရဲ့သမီးလေး အယ်လီယာဟာ လွှတ်တော်တွင်းမှာ ပထမဆုံး နို့တိုက်ခံရတဲ့ ကလေးဖြစ်လာခဲ့လို့ အရမ်းဂုဏ်ယူမိတယ်” လို့ အသက် ၄၀ အရွယ်ရှိ ဝါးတားစ်က ပြောပါတယ်။ ထိပ်တန်း အလုပ်သမားရေးရာ လွှတ်တော်အမတ်တဦးဖြစ်တဲ့ ကေတီ ဂေါလက်ဂါ ကတော့ ဒီအခိုက်အတန့်ဟာ အသိအမှတ်ပြုပေးရမယ့် အခိုက်အတန့်တခုဖြစ်တယ်လို့ ပြောပါတယ်။ “ကမ္ဘာတလွှားက လွှတ်တော်တွေထဲမှာ အမျိုးသမီးတွေဟာ ခုလိုပဲ လုပ်ကြရမှာပါပဲ။ လွှတ်တော်ထဲက ခုလိုမြင်ကွင်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အမျိုးသမီးတွေမှာ ရင်သွေးရရှိလာခဲ့ပြီဆိုရင် အလုပ်ဆက်လုပ်နိုင်ဖို့၊ ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ ခုလိုပဲ လုပ်ကြရမှာပါပဲ။”

A d v e r t i s e m e n t With Us

More News
Up