Live
Home
မြန်မာသတင်း
ပခုက္ကူ လေဘေးဒုက္ခသည်များကို ထောက်ပံ့ကြေးနှင့် အကူအညီများ ပေးအပ်
မြင့်နိုင်
·
May 10, 2017
ပခုက္ကူမြို့နယ်တွင်းက  လေဘေးသင့်ပြည်သူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက  ထောက်ပံ့ကြေးတွေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ပါတယ်။ ခုလို ထောက်ပံ့ရာမှာ ပြိုလဲအိမ် ၁ လုံးကို ကျပ် ၁သိန်းနှုန်း၊ အမိုးအကာပျက်စီး အိမ် ၁ လုံးကို ကျပ် ၃သောင်းနှုန်း အပြင် ကယ်ဆယ်ရေးပစ္စည်း၉ မျိုးပါ အသုံးအဆောင်ပစ္စည်းတွေအပြင် လတ်တလော စားသုံးဖို့ တပတ်စာ ခန့်မှန်း ဆန်တွေ ကိုထောက်ပံ့ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က တိုက်ခက်ခဲ့တဲ့ လေပြင်းကြောင့် ပခုက္ကူမြို့နယ်မှာ လူနေအိမ် ၂၀၀ ကျော် ပြိုလဲခဲ့ပြီး ၂၀၀၀ ကျော် အမိုးအကာပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024