A d v e r t i s e m e n t With Us

တရုတ်အလှကုန်ပစ္စည်းတမျိုး သုံးစွဲရန်မသင့်ကြောင်း အသိပေးကြေညာ

တရုတ်ကုမ္ပဏီလုပ် အလှကုန်ပစ္စည်းတမျိုးဟာ တားမြစ်ဓာတုဗေဒပစ္စည်း မာကျူရီပြဒါးပါဝင်နေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အမည်ကို တရုတ်ဘာသာနဲ့ ဖော်ပြထားတဲ့ အလှကုန်ပစ္စည်း အမည်နဲ့ အမျိုးအစား  GUERISSON Hourse Oil , Miracle Hourse Oil, Whitening Sport ( DayCream+ Night Cream) ဟာ ဘေးအန္တရာယ်ဖြစ်စေတဲ့ မာကျူရီပါဝင်နေကြောင်း စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။ အဆိပ်သင့်ဓာတုပစ္စည်း မာကျူရီပြဒါးဟာ အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်၊ ခေါင်းကိုက် စိတ်ကျရောဂါတွေ ဖြစ်နိုင်ပြီး ရေရှည်သုံးစွဲရင် ကျောက်ကပ် ပျက်စီးနိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up