နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
May 10, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာ့လေကြောင်းနဲ့ ပြန်လည်ရောက်ရှိလာတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန် ဥရောပ ၃ နိုင်ငံကို တရားဝင်ခရီးသွားရောက်ခဲ့ပြီးနောက် မနေ့က လန်ဒန်မြို့နေခရီးစဉ်ကို အဆုံးသတ်ပြီး ပြန်လာတာ ဖြစ်ပါတယ်။