တောင်လေးလုံးဆရာတော် ဦးပညာအထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်
DVB
·
May 10, 2017
မန္တလေး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းဘေးက တောင်းလေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာတော်ကိုကြည်ညိုလေးစားသူတွေက ဆရာတော်ရဲ့ ပုံတူ ကျောက်ဆစ်ရုပ်ထု ဒီကနေ့ စိုက်ထူပူဇော်ခဲ့ကြပါတယ်။
အခမ်းအနားမှာ မောင်သစ်လွင်(လူထု)နဲ့ ကိုလေး(အင်းဝဂုဏ်ရည်)တို့က ဆရာတော် ဦးပညာအောက်မေ့ဖွယ်စကားတွေကိုပြောကြားခဲ့ပြီး စာရေးဆရာ၊ ကဗျာဆရာတွေ၊ သတင်းစာ ဆရာတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အပါအ၀င် ဧည့်ပရိတ်သတ် ၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဆရာတော်ဟာ ရဟန်းစာဆို ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ တောင်သမန် ၀န်းကျင် သမိုင်းဝင်နေရာများ အင်္ဂလိပ်-မြန်မာနှစ်ဘာသာ စာအုပ်နဲ့ အမျိုးသား စာပေဆုရရှိခဲ့သူ ဖြစ်ပြီး ၂၀၁၆ မေလက ပျံလွန်တော်မူသွားခဲ့တာပါ။
သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်