A d v e r t i s e m e n t With Us

မြွေထိန်းသိမ်းသူ အမျိုးသမီး အကူအညီနှင့် အရေခွံလဲခဲ့သည့် ဧရာမစပါးကြီးမြွေကြီး (ရုပ်သံ)

မြွေတွေရဲ့သဘာဝအရ အရေခွံလဲတာကို ကြားဖူးကြမှာဖြစ်ပေမယ့် တကယ်လက်တွေ့မှာတော့ တွေ့မြင်ဖူးသူ နည်းကြမှာပါပဲ။ ဒါဟာ သူတို့ရဲ့ ဇီဝဖွံ့ဖြိုးမှုဖြစ်စဉ်ထဲက တခုဖြစ်ပြီး အသက်ကြီးတဲ့ မြွေတွေက တနှစ်ကို ၂ ကြိမ်လောက် လဲလေ့ရှိကြကာ ငယ်တဲ့မြွေတွေကတော့ တနှစ်ကို ၄ ကြိမ်လောက် အရေခွံလဲလေ့ရှိကြတာပါ။ ဒါဟာ ခန္ဓာကိုယ်ကြီးထွားလာမှု တဆစ်ချိုးပြောင်းလဲမှုဖြစ်စဉ်တခုဖြစ်ကာ အရေခွံလဲချိန် နီးလာရင်တော့ မြွေတွေဟာ အစာမစားတော့ဘဲ ဘေးကင်းတဲ့နေရာတနေရာရာဆီ ရွှေ့ပြောင်းကာ စောင့်နေကြပါတော့တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့အရေခွံဟာ ခြောက်သွေ့လာခဲ့ပြီး မျက်လုံးတွေဟာလည်း အရောင်ပြောင်းသွားကာ မကြာခင်မှာတော့ အလွှာလိုက် ချွတ်လိုက်သလို အရေခွံဟောင်းကနေ ကျွတ်ထွက်နိုင်တာကို တွေ့ရမှာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စပါးကြီးမြွေတကောင်ရဲ့ အရေခွံလဲချိန်မှာ မြွေထိန်းသိမ်းသူ အမျိုးသမီးက ကူညီပေးခဲ့တာကို ထူးထူးခြားခြား တွေ့မြင်ကြရပါလိမ့်မယ်။ အမျိုးသမီးဟာ မြွေကြီးကို လည်ပင်းမှာပတ်ပြီး ခေါ်ဆောင်လာခဲ့ကာ မြေပြင်မှာချလိုက်ပြီး အရေခွံတွေကို ညင်ညင်သာသာနဲ့ ပွတ်သပ်ခွာချပေးခဲ့ပြီး ကူညီခဲ့တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up