A d v e r t i s e m e n t With Us

ဟီဂူအင်ကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဟု အသင်းဖော် ချီလီနီ ပြော

ဓာတ်ပုံ - ရိုက်တာ
ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၃ ဦးထဲမှာ ၁ ဦး အပါအဝင်ဖြစ်တယ်လို့ အသင်းဖော် ချီလီနီက ပြောပါတယ်။ ဟီဂူအင်ဟာ ပြည့်စုံတဲ့ တိုက်စစ်မှူးတဦးဖြစ်သလို နံပါတ် ၉ ကို ဝတ်ဆင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ ဦးထဲက ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ဟီဂူအင်အနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ ဂိုးတွေသွင်းပြီး ခြေစွမ်းပြနေသလို မိုနာကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ၂ ဂိုးစလုံး သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပြီးတော့ ဗိုလ်လုပွဲမှာလည်း စပိန်ထိပ်သီး ရီးရဲမက်ဒရစ်အသင်းနဲ့ တွေ့ဆုံရဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up