A d v e r t i s e m e n t With Us

မိုနာကိုကို နှစ်ကျော့လုံးအနိုင်ယူပြီး ဂျူဗင်တပ်စ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ ပြင်သစ်ကလပ် မိုနာကိုတို့ မေလ ၉ ရက်က ယှဉ်ပြိုင်ရာ ဂျူဗင်တပ်စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ဂျူဗင်တပ်စ်အတွက် မန်ဇူကစ်က အဖွင့်ဂိုးနဲ့ ၄၄ မိနစ်မှာ ဒန်နီ အဲလ်ဗက်စ်က ဒုတိယဂိုး သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးမှာ ဂျူဗင်တပ်စ်က ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အီတလီမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အိမ်ရှင် ဂျူဗင်တပ်စ်က ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။ မိုနာကိုအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၆၉ မိနစ်မှာ အမ်ဘပ်ပီက သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ပြင်သစ်မှာ ယှဉ်ပြိုင်ခဲ့တုန်းကလည်း ဂျူဗီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။ ဆီမီးဖိုင်နယ် တခြားပွဲစဉ်အဖြစ် စပိန်လာလီဂါပြိုင်ဘက်အချင်းချင်း တွေ့ဆုံနေတဲ့ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဒီနေ့ည ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်တဲ့အသင်းဟာ ဂျူဗင်တပ်စ်နဲ့ ဇွန်လ ၃ ရက်နေ့ကျရင် ကာဒစ်ဖ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up