A d v e r t i s e m e n t With Us

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အိန္ဒိယ အမျိုးသမီးလေသူရဲ အလုပ်ခေါ်ကြော်ငြာ (ရုပ်သံ)

အိန္ဒိယနိုင်ငံ လေတပ်အတွက် အမျိုးသမီးလေသူရဲ အလုပ်အကိုင် ကြော်ငြာရုပ်သံ ဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ပေးလေ့မရှိဘဲ ဖိနှိပ်ချုပ်ချယ်ထားလေ့ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ရှေးရိုးစွဲ အတွေးအမြင်တွေကို တိုက်ဖျက်ထားလို့ပါပဲ။ အိန္ဒိယနိုင်ငံ လေတပ်မှာ ပြီးခဲ့တဲ့နှစ်ကမှ အမျိုးသမီးတိုက်လေယာဉ်မှူး ၃ ဦးကို ပထမအကြိမ် ခန့်အပ်ထားခဲ့တာဖြစ်ပြီး အိန္ဒိယတပ်မတော်တခုလုံးအနေနဲ့တောင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးတဦးရဲ့အသံနဲ့ သရုပ်ပြစွန့်စားမှုတွေကို ရှုမြင်ကြရမှာဖြစ်ပြီး ယူကျု အင်တာနက်စာမျက်နှာတခုတည်းမှာတင် အခုထိ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၂ သောင်း ၃ ထောင်ကျော် ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up