စက်လှေကားကို ပြောင်းပြန်ပြေးတက်ပြီး ထိတ်လန့်ဖွယ် ခြေထောက်ညပ်ခဲ့သည့် ကလေးငယ် (ရုပ်သံ)
Published By
DVB | 9 May, 2017
949
0
Share
0
Comment
0
Likes
တူရကီနိုင်ငံမှာ စက်လှေကားတစင်းရဲ့ အဆင်းဘက်ကနေ ပြောင်းပြန်ပြေးတက်ချိန်မှာ ထိတ်လန့်ဖွယ် ခြေထောက်ညပ်မိခဲ့တဲ့ ၉ နှစ်သား ကလေးငယ်တဦးကို ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီကလေးငယ်ဟာ ရွေ့လျားနေတဲ့ စက်လှေကား အဆင်းဘက်ကို ပြေးလာနေခဲ့ပြီး လှေကားပေါ် ဆော့ကစားရင်း တက်သွားခဲ့တာကို တွေ့ရပါတယ်။
သူဟာ လှေကားထစ်သုံးလေးထစ်လောက် ပြေးတက်ခဲ့ပြီးချိန်မှာတော့ အောက်ကိုဆင်းလာတဲ့ လှေကားနဲ့အတူ ပြန်ဆင်းလာနေခဲ့ကာ အောက်ခြေအရောက်မှာမှ လှေကားကြား ခြေထောက်ညပ်သွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ သူ့နောက်ကပါလာတဲ့ မိခင်ဖြစ်သူက သူ့ရဲ့ချိုင်းကနေ မ ထားခဲ့ကာ သူ့ခြေထောက်ကို ဆွဲထုတ်ကယ်တင်ဖို့ ကြိုးစားခဲ့ရတာပါ။
နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာခဲ့ပြီး သူ့ကို ဆွဲထုတ်ကယ်တင်နိုင်ခဲ့တယ်လို့ မေရာသတင်းမှာ မေလ ၉ ရက်နေ့က ဖော်ပြပါတယ်။
သူ့ကို ကယ်တင်နိုင်ဖို့အတွက် အချိန်တော်တော်ကြာခဲ့ပြီးနောက် ဒေသတွင်း ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရတာပါ။
ဒီအဖြစ်အပျက်မှာ တခြား ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မရှိခဲ့ဘဲ သူ့ရဲ့ခြေထောက်ဟာ အရွတ်နဲ့ အကြောပိုင်းဆိုင်ရာ ထိခိုက်မှုတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းစစ်ဆေး ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။