ဆိုမာလီမြို့တော်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး (ရုပ်သံ)

783
ဆိုမာလီမြို့တော်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် အ...
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးက မြို့လယ် ကော်ဖီဆိုင်ထဲကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီး မေလ ၈ ရက်က မောင်းဝင်ဖောက်ခွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၅ ဦး သေဆုံးတယ်လို့ အရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအနားမှာရှိတဲ့ အီတာလျံ ကော်ဖီဆိုင်ကို ပစ်မှတ်ထား တိုက်ခိုက်မှုအပြီး သေနတ်သံတွေ ဆက်ထွက်လာခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ အလောင်းငါးလောင်းကို ရိုက်တာသတင်းဌာန ဓာတ်ပုံသတင်းထောက်က မြင်ခဲ့ပါတယ်။
ဒီလုပ်ရပ်အတွက် တာဝန်ခံမှု ချက်ချင်းမရှိသေးပါဘူး။
ဆိုမာလီနိုင်ငံက အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်တွေဟာ မြို့တော်နဲ့ တခြားမြို့တွေမှာ အရင်က ဒါမျိုးတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဖူးပါတယ်။
လောလောဆယ် အယ်လ်ရှာဘတ် သူပုန်တွေကို ဒီအရေးနဲ့ပတ်သက်ပြီး မေးဖို့ လက်လှမ်းမမီသေးပါဘူး။
ဆိုမာလီနိုင်ငံမှာ မျိုးနွယ်စုအခြေပြု စစ်ခေါင်းဆောင်တွေက အာဏာရှင် ဆာအိဘာရေကို ဖြုတ်ချအပြီး အချင်းချင်း အာဏာလုနေလို့ ၁၉၉၁ ခုနှစ်ကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေပါတယ်။