A d v e r t i s e m e n t With Us

အသင်းဟောင်း ဒီပို့တီဗိုကို ပြန်လည်ပြောင်းရွှေ့နိုင်ဟု အာဆင်နယ်တိုက်စစ်မှူး ပီးရက်ဇ် ပြော

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ သြဂုတ်လကမှ စပိန်ကလပ် ဒီပို့တီပိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီးရက်ဇ်ဟာ ပွဲထွက်ကစားခွင့် မရတာကြောင့် အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ရှိနေခဲ့ပါတယ်။ လူးကပ်စ်ပီးရက်ဇ်ဟာ ပရီးမီးယားလိဂ် ၁၁ ပွဲသာ ကစားခွင့်ရထားပြီးတော့ ပွဲထွက်ကစားရတဲ့ အချိန်တွေဟာလည်း လူစားလဲအဖြစ်ပဲ ဝင်ရောက်ကစားခွင့် ရခဲ့တာပါ။ ပီးရက်ဇ်က "အသင်းနည်းပြနဲ့ စကားပြောဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အတွေးအတိုင်းအပဲ ပြုလုပ်တာဖြစ်လို့ သူ့ကို လေးစားရပါမယ်။ ဒါပေမယ့် ကျနော်လည်း ကိုယ့်လမ်းကိုယ် ရွေးချယ်ရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ပီးရက်စ်အနေနဲ့ ချန်ပီယံလိဂ်မှာ ကစားလိုတာကြောင့် အသင်းမှာ ဆက်လက်ရှိနေချင်ပေမယ့် အချိန်ကျလာတဲ့အခါမှာတော့ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ကြောင်း ဒီပို့တီပိုအသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေး အမြဲတမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up