ဖျော်ဖြေသရုပ်ပြချိန် လှောင်အိမ်တွင်း ခြင်္သေ့တိုက်ခိုက်ခံရသည့် ဆပ်ကပ်ဆရာ (ရုပ်သံ)
Published By
DVB | 9 May, 2017
983
0
Share
0
Comment
0
Likes
ပြင်သစ်နိုင်ငံမှ ဆပ်ကပ်ဆရာ အမျိုးသားတဦးဟာ ခြင်္သေ့တကောင်နဲ့ စင်ပေါ်မှာ သရုပ်ပြဖျော်ဖြေနေချိန် လှောင်အိမ်တွင်းမှာ ခြင်္သေ့တိုက်ခိုက်ခံခဲ့ရပါတယ်။
သူနဲ့ ခြင်္သေ့ဟာ လှောင်အိမ်တွင်း အတူရှိနေချိန်မှာ အဲဒီခြင်္သေ့က သူ့ရဲ့လည်ပင်းကို ဆွဲကိုက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေဘက် တရွတ်ဆွဲသွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် သူ့ရဲ့အဖွဲ့သားတွေက ခြင်္သေ့ကို မီးသတ်ဆေးဘူးနဲ့ဖျန်းကာ ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြရတာပါ။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ ဒူလွန်မြို့မှာ ကျင်းပတဲ့ ဆပ်ကပ်ပြပွဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၃၀ အရွယ်ရှိတဲ့ အဲဒီဆပ်ကပ်ဆရာဟာ သူ့ရဲ့ ခြင်္သေ့တွေနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်အတူတူလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ခြင်္သေ့ဆွဲခံခဲ့ရတဲ့အတွက် သူ့မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဒေသတွင်း ဆေးရုံတရုံဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့ရတာပါ။
ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူ ပရိသတ်တွေဟာလည်း ထိတ်လန့်သွားခဲ့ကြပြီး အထိတ်တလန့် အော်ဟစ်ခဲ့ကြတာကို ကြားရပါတယ်။
ဆပ်ကပ်ရုံရှေ့ ခုံတန်းမှာ ထိုင်နေကြတဲ့ ကလေးတွေဟာလည်း ကြောက်ရွံ့သွားခဲ့ကြပြီး သူတို့ကို မိဘတွေက အမြန်ဆုံး ပြန်ဆွဲထုတ်ခေါ်ဆောင်သွားခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။