Home
မြန်မာသတင်း
ရွှေအားမာန်​ဇာတ်​အဖွဲ့​ယာဉ်​ တိမ်း​မှောက်​၊ ၃၃ ဦးဒဏ်ရာရှိ
DVB
·
May 9, 2017
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ မနေ့ ညက ရွှေအားမာန်ဇာတ်အဖွဲ့ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၃၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ချောက်မြို့ မြို့မရဲစခန်းက သိရပါတယ်။ မေ ၈ ရက် ည ၇ နာရီ ၁၀ မိနစ်အချိန်က ချောက်မြို့ အမှတ် ၁၅ ရပ်ကွက်၊ တိုးချဲ့ရပ်၊ ချောက်-မကွေးသွားကားလမ်း မိုင်တိုင်အမှတ် ၄၀၆/၁ နဲ့ ၄၀၆/၂ အကြားမှာ ချောက်မြို့တွင်း ဘက်ကနေ ဂွေချိုကျေးရွာဘက်ကို မောင်းနှင်လာတဲ့ ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ယာဉ်မောင်း ဦးမြင့်ဦး မောင်းနှင်လာတဲ့ အစိမ်းရောင်ဟီးနိုး ၆ ဘီးယာဉ်ဟာ အရှိန်မထိမ်းနိုင်ဘဲ ညာဘက်ကို တိမ်းမှောက်ခဲ့ပြီး ရွှေအားမာန် ဇာတ်အဖွဲ့ဝင် ၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့၊ မနောဖြူအဖွဲ့၊ ဥတ္တရလူငယ် (လူမှုကူညီရေး)အဖွဲ့နဲ့ ချောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ ပူပေါင်းကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၃ ဦးကို ချောက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ကုသခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲက ၆ ဦးဟာ စိုးရိမ်ရတဲ့အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကို ပြောင်းရွေ့ ကုသစေခဲ့ပါတယ်။ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးမြင့်ဦးကို ချောက်မြို့ မြို့မ ရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နာကျင်စေမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024