A d v e r t i s e m e n t With Us

အသင်းဟောင်းမန်ယူဘက် ဂိုးသွင်းယူခဲ့မှု သာမန်ပျော်ရွှင်မှုသာဖြစ်ဟု ဝဲလ်ဘက် ပြော

ဓာတ်ပုံ - ရိုက်တာ
အသင်းဟောင်း မန်ယူဘက်ကို ဂိုးသွင်းယူခဲ့တာနဲ့ ပတ်သက်ပြီး သာမန်ပျော်ရွှင်မှုတခုသာဖြစ်တယ်လို့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်က ပြောကြားလိုက်ပါတယ်။ ဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းက မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယအနိုင်ဂိုး သွင်းယူခဲ့တာပါ။ မန်ယူအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ သူကြီးပြင်းလာတဲ့ ထူးခြားတဲ့နေရာတခု ဖြစ်ပေမယ့် ဒီလိုအချိန်မှာတော့ အလုပ်သဘောအရ အသင်းအနိုင်ရရေးအတွက်ပဲ ကြိုးစားသွားရမှာဖြစ်တယ်လို့ ဝဲလ်ဘက်က ပြောပါတယ်။ မန်ယူအသင်းနဲ့ပွဲမှာ အနိုင်ရခဲ့တာဟာ အသင်းအတွက် အရေးပါခဲ့ပြီး အဆင့် ၄ အတွင်း ဝင်ဖို့အတွက် ဆက်ပြီး ကြိုးစားသွားရမှာဖြစ်တယ်လို့လည်း ဝဲလ်ဘက်က ပြောပါတယ်။ ဝဲလ်ဘက်ဟာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဝဲလ်ဘက်အနေနဲ့ ဒီရာသီမှာ အာဆင်နယ်အတွက် ၁၄ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ အသက် ၂၆ နှစ်ရှိ အင်္ဂလန်ကစားသမား ဝဲလ်ဘက်ဟာ ၂၀၁၄ ခုနှစ်က ပေါင် ၁၆ သန်းနဲ့ မန်ယူအသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up