A d v e r t i s e m e n t With Us

ဆဲလ်တစ်တောင်ပံကစားသမား ဆင်ကလဲယား တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိ

ဓာတ်ပုံ - GETTY
စကော့တလန် တနှစ်တာ ပီအက်ဖ်အေ အကောင်းဆုံးကစားသမားဆုကို ဆဲလ်တစ် တောင်ပံကစားသမား စကော့ဆင်ကလဲယားက ရရှိခဲ့ပါတယ်။ ဆင်ကလဲယားဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အက်စ်တွန်ဗီလာအသင်းကနေ ပေါင် ၃ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဆုကိုရရှိဖို့အတွက် အသင်းဖော် ဒမ်ဘီလီ၊ စတူးဝပ် အမ်းစထရောင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆင်ကလဲယားနဲ့အတူ ဆဲလ်တစ်အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာဟာလည်း ၁ နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပြီးတော့ လူငယ်ကစားသမား ကီရန်တိုင်ရာနေးက တနှစ်တာ အကောင်းဆုံးလူငယ်ဆုကို ရရှိခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ အခုဆုကို ဆွတ်ခူးခဲ့တာကြောင့် အင်္ဂလိပ်လိဂ် ၂ ခုစလုံးမှာ ဆုရခဲ့တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ အခုနှစ်မှာ သိသိသာသာ ခြေစွမ်းပြပြီး နာမည်ကြီးလာခဲ့တဲ့ ဆဲလ်တစ်လူငယ်တိုက်စစ်မှူး မိုဆာဒမ်ဘီလီကတော့ တနှစ်တာ အကောင်းဆုံးဂိုးဆုကို ရရှိသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up