Home
မြန်မာသတင်း
ဖား​ကန့်​-မိုး​ညှင်း​လမ်း​တွင် စစ်တပ်က ​ငွေ​ကောက်
DVB
·
January 30, 2012
ကချင်ပြည်နယ် ဖား​ကန့်​-မိုး​ညှင်း​လမ်း​မကြီး​အ​ပေါ်မှာ နယ်​မြေခံတပ်မ​တော် တပ်ရင်း​တခုက ​ငွေ​ကြေး​ကောက်ခံ​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ အရင်က ပိတ်ထား​ခဲ့​တဲ့​ ဖား​ကန့်​လမ်း​ကို ပြန်ဖွင့်​လိုက်ပြီး​တဲ့​နောက် အင်း​တော်ကြီး​ကန်အနီး​ လုံး​တုံ​ကျေး​ရွာအ​ခြေစိုက် တပ်ရင်း​ ၅၂၁ က ​ငွေ​ကောက်ခံ​နေလို့​ သွား​လာရ ခက်ခဲ​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဇန်နဝါရီလ ၁၀ ရက်​နေ့​က​နေ စတင် ​ကောက်ခံ​နေတာဖြစ်ပြီး​ ခရီး​သည်တင် ကား​တစီး​ကို ကျပ် ၃,၀၀၀ နဲ့​ ​မော်​တော်ဆိုင်ကယ် တစီး​ကို ကျပ် ၁,၀၀၀ ​ကောက်ခံ​နေတယ်လို့​ ဖား​ကန့်​ဒေသခံတဦး​က ​ပြောပါတယ်။ “အခုဟာက ဖား​ကန့်​မှာ အဆင်မ​ပြေလို့​ ပြန်သွား​ကြရတဲ့​ လူ​တွေ​ပေါ့​။ တိုက်ပွဲဖြစ်မှာစိုး​ရိမ်လို့​ ပြန်တဲ့​လူ​တွေက များ​တယ်ဆို​တော့​ အဲဒါကိုမှ ၅၂၁ တပ်ရင်း​မှူး​ကြီး​ ဒု-ဗိုလ်မှူး​ကြီး​ ​အောင်လွင်ဆိုတဲ့​လူက ဆိုင်ကယ်တစီး​ကို ၁,၀၀၀ ​ကောက်တယ်။” ဒေသခံ ဆိုင်ကယ်သမား​တွေကိုလည်း​ ဖြတ်သွား​တိုင်း​ ​ငွေကျပ် ၁,၀၀၀ ​တောင်း​ပြီး​ ​ငွေ​ကောက်ခံထား​တဲ့​ လတ်မှတ်လည်း​ ထုတ်မ​ပေး​တဲ့​အတွက် အဆင်မ​ပြေဘူး​လို့​ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း​မှာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေ​ကြောင့်​ အရင်ရက်ပိုင်း​က ဖား​ကန့်​က ​ကျောက်တူး​နေတဲ့​သူ အ​တော်များ​များ​ဟာ ထွက်​ပြေး​ခဲ့​ကြပါတယ်။ အရင် ရက်ပိုင်း​ကလည်း​ ဖား​ကန့်​ကို သွား​ရောက်တဲ့​ ကား​လမ်း​ ပိတ်ထား​တဲ့​အတွက် ဖား​ကန့်​မှာ ကုန်​ဈေး​နှုန်း​တွေ အဆမတန် မြင့်​တက်ခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024