A d v e r t i s e m e n t With Us

လန်ဒန်မြို့တော်၏ Freedom of The City ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ (ဓာတ်ပုံ)

  ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ  တရားဝင်ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့တော်ဝန်က ချီးမြှင့်တဲ့ Honorary Freedom of The City of London ဆုကို မနေ့က လန်ဒန်မြို့ရှိ Guildhall မှာ လက်ခံရယူခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုနဲ့ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်မှု တို့ အတွက် ပေးအပ်ချီးမြှင့်တာလို့ သိရပါတယ်။ ဒီဆုဟာ လန်ဒန်မြို့တော်က ပေးအပ်တဲ့ အဆင့်အမြင့်ဆုံးဆု ဖြစ်ပြီး တောင် အာဖရိကခေါင်းဆောင်ဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူး၊ အမေရိကန် သမ္မတဟောင်း ရုစဘဲ့၊  ဝေလမင်းသမီး ဒိုင်ယာနာစသူတွေကိုလည်း ပေးအပ်ခဲ့ဖူးပေမယ့် အာရှတိုက်က ပုဂ္ဂိုလ်ေတွထဲမှာတော့  ဆုရရှိသူ ရှားရှားဖြစ်ပါတယ်။ ဆုပေးပွဲအပြင်ဘက်မှာတော့   ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေရော ကန့်ကွက်တဲ့သူတွေပါ အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Sir Michael Fallon နဲ့လည်း  လန်ဒန်မြို့ရှိ ကာကွယ်ရေးဝန်ကြီးရုံးဧည့်ခန်းမမှာ မနေ့က တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Myanmar State Counsellor

A d v e r t i s e m e n t With Us

More News
Up