ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 8, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၂သောင်း ၆ထောင် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၉သိန်း ၄သောင်း ၈ထောင်ကျပ် ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ငွေကျပ် ၆သိန်း ၅သောင်း ၅ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂သောင်း ၂ထောင်ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၆ထောင့် ၅ရာ ပေါက်ဈေးရှိနေပြီး ၁ပိဿာကို ငွေကျပ် ၂၀၀ ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီနေ့မှာ ၁ပိဿာကို ငွေကျပ် ၅၀ ဈေးတက်လာပြီး ဒိနေ့ပေါက်ဈေးက ၁၂၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က တပတ်အတွင်း ဈေးဆက်တိုက် ကျဆင်င်းနေပြီး ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၆သောင်း ရှိပါတယ်။ ၁ အိတ်ကို ငွေကျပ် ၂ ထောင် ဈေး ကျဆင်းသွားပြီးတော့ တပတ်အတွင်း ငွေကျပ် ၅ ထောင် ဈေး ကျဆင်းသွားပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့ပေါက်ဈေးက ၁၈၇၀ ကျပ် ပေါက်ဈေး ရှိပြီးတော့ ၁ ပိဿာကို ငွေကျပ် ၂၀ ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁သိန်း ၅ထောင် ပေါက်ဈေးရှိပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာ မန်ကျည်းတောင့်က ၁ ပိဿာကို ငွေကျပ် ၈၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၇၂၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
သတင်း - AMIA