Live
Home
မြန်မာသတင်း
လန်ဒန်မြို့တွင် ဆုလက်ခံယူမည့် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာနှင့် ကချင်များ ဆန္ဒပြမည်
DVB
·
May 8, 2017
ဗိတိနနိုင်ငံမှာ တရားဝင်ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်ဝန်က  ဒီနေ့  TheFreedom of the City  ဂုဏ်ပြုဆု ချီးမြှင့်ဖို့ရှိနေပါတယ်။ ဒီဆုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ လောက်ကတည်းက ချီးမြှင့်လာခဲ့တဲ့ လန်ဒန်မြို့ရဲ့ အဆင့်အမြင့်ဆုံးဆုဖြစ်ပြီး တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မန်ဒဲလား၊ အမေရိကန် သမ္မတဟောင်း ရုစ်စဗဲ့ စသူတွေလည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။ လန်ဒန်မြို့ Guildhall ခန်းမမှာ ကျင်းပမယ့်  ဒီဆုပေးပွဲအခမ်းအနားကို လန်ဒန်ရှိ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊  ယူကေရောက် ကချင်အသိုင်းအ၀န်းနဲ့ တက်ကြွလှုပ်ရှားသူတချို့က ကန့်ကွက် ဆန္ဒပြကြဖို့ စီစဉ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်က ဒေသခံ တိုင်းရင်းသား အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ဆောင်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လျစ်လျူရှုထား တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြတာလို့  ဆန္ဒပြ အဖွဲ့အစည်းတွေက ကြေညာထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024