ပုသိမ်မြို့ စစ်မှုထမ်းဟောင်းအိမ်ရာတွင် မီးလောင်
သော်ဇင်မျိုး
·
May 8, 2017
ဧရာဝတီတိုင်ဒေသကြီး ပုသိမ်မြို့ ၊ ၁၃ ရပ်ကွက်၊ စံပြ ၂ လမ်းရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှာ ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်လောက် မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
အငြိမ်းစားတပ်ကြပ် ဦးဝင်းနိုင်ရဲ့ နေအိမ်ကနေ စတင်ကာ အိမ်ရှင်တွေ မရှိခိုက် မီးလောင်ကျွမ်းခဲ့ပြီး ဘေးက ဒုတပ်ကြပ်အငြိမ်းစား ဦးလှအောင်ရဲ့ အိမ်ကိုပါ မီးကူးစက်လောင်ခဲ့တာပါ။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁၁ နာရီဝန်းကျင်မှာ မီးငြိမ်းသွားခဲ့ပါတယ်။