Home
မြန်မာသတင်း
မြန်မာနိုင်ငံဆရာဝန်အသင်း မုံရွာရုံးဖွင့်ပွဲ ကျင်းပ (သတင်းဓာတ်ပုံ)
Aung Ko Latt
·
May 8, 2017
ဆရာဝန်တွေရဲ့အရေးကိစ္စတွေနဲ့  ပြည်သူတွေအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေကို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(မုံရွာ)ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မေလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ရုံးဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုံတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်ကတည်းက တရားဝင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က ဆရာဝန်တွေရဲ့ အရည်အသွေးပြည့်မီရေး၊ ဆေးပညာမြင့်မားရေးနဲ့ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဆေးပညာနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေကို အစိုးရနဲ့ တွဲဖက်ကာ လုပ်ကိုင်ဆောင်ရွက်လာနေပြီ ဖြစ်ပါတယ်။ ဖွင့်ပွဲအပြီးမှာ ဒေါက်တာနွယ်နီ၊ ဒေါက်တာဝင်းဖြူဖြူမြင့်၊ ဒေါက်တာမင်းထွန်း၊ ဒေါက်တာတင့်ဆွေလတ်၊ ဒေါက်တာကျော်စိုးဝင်း၊ ဒေါက်တာကိုကို၊ ဒေါက်တာမိုးမိုးဇော်၊ ဒေါက်တာဖေသက်ခင်နဲ့ ဒေါက်တာမြင့်မြင့်သိန်း စတဲ့ ဆရာဝန်ကြီးတွေရဲ့ ကဏ္ဍအလိုက် ဆေးပညာနှီးနှောဖလှယ် ဟောပြောပွဲကျင်းပခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024