Home
မြန်မာသတင်း
ရခိုင်ကော်မရှင်နှင့် ဘာသာရေးခေါင်းဆောင်များ တံခါးပိတ်တွေ့ဆုံ
ကျော်ဇေယျာဝင်း
·
May 8, 2017
  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒေါက်တာအရှင်ဆေကိန္ဒ အပါအ၀င် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို  ဒီကနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ သီးခြားစီ တွေ့ဆုံနေပါတယ်။ အခုလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အတူတကွဘယ်လို ဆက်လက်နေထိုင်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်သလို နှစ်ဖက်ဘာသာရေးခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို ရယူ သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေကို သတင်းရယူခွင့်မပြုဘဲ တံခါးပိတ်တွေ့ဆုံနေကြတာ ဖြစ်လို့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုနှစ်မတ်လမှာ ကြားဖြတ်အစီရင်ခံစာ တစောင်မြန်မာအစိုးရကို တင်သွင်းခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024