ပခုက္ကူမြို့နယ်တွင် လေပြင်းတိုက် လူနေအိမ်များပျက်စီး
မြင့်နိုင်
·
May 8, 2017
ပခုက္ကူမြို့နယ်ထဲမှာ မေလ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၊ မိုးသီးကြွေ၊ လေပြင်းတိုက်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ လျှပ်စစ်ဓာတ်တိုင်တချို့ပြိုလဲပျက်စီးခဲ့ပါတယ်။
ပခုက္ကူမြို့နယ်ချောင်းဂွကျေးရွာမှာ ပျက်စီးမှုအဆိုးဆုံးဖြစ်ပြီး အိမ်ခြေ ၁၀၀ကျော်လောက်ရှိတဲ့ အနက် ၇၀ ကျော်ပျက်စီးခဲ့ပြီး လေပြင်းတွေကြောင့် လူနေထိုင်လို့ လုံးဝမရတော့တဲ့နေအိမ် ၃၀ လောက် ရှိခဲ့ပါတယ်။