မျိုးဆက်သစ်လူငယ်ကစားသမား ရွေးချယ်ပွဲ မန္တလေးမြို့ ဘောလုံးအကယ်ဒမီတွင် ကျင်းပမည်

ဓာတ်ပုံ - Maung Myint
466
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိတဲ့ မန္တလေး၊ ရန်ကုန်၊ ပုသိမ်မြို့တွေက ဘောလုံးအကယ်ဒမီကျောင်းတွေမှာ အားကစားနဲ့ ပညာရေး ပေါင်းစပ်သင်ကြားဖို့အတွက် မျိုးဆက်သစ် လူငယ်ကစားသမား ရွေးချယ်ပွဲကို မန္တလေးမြို့ ဘောလုံးအကယ်ဒမီတွင် မေလ ၇ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ပြုလုပ်နေပါတယ်။
အခု လူငယ်ကစားသမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးချယ်ထားတဲ့ ကလေးငယ်တွေထဲက ဆန်ခါတင် ၁၀၀ ကျော်ကို အပြီးသတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အခု ရွေးချယ်မယ့် ကလေးငယ်တွေဟာ အသက် ၁၁ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အနာဂတ် မြန်မာ့ဘောလုံးအားကစားအတွက် အားထားရမယ့် လူငယ်အားကစားသမားတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ကလေးငယ်တွေကို မန္တလေး ဘာလုံးအကယ်ဒမီမှာ အယောက် ၃၀၊ ရန်ကုန် ဘောလုံးအကယ်ဒမီမှာ ၁၅ ယောက်နဲ့ ပုသိမ်ဘောလုံး အကယ်ဒမီမှာ အယောက် ၃၀ စီထားပြီး လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
အခုလို လူငယ်ဘောလုံးသမားတွေကို နှစ်စဉ် ရွေးချယ် လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။