အသင်းပေါင်း ၇၄ သင်းပါဝင်သည့် အပျော်တမ်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်

568
အသင်းပေါင်း ၇၄ သင်းပါဝင်တဲ့ အပျော်တမ်းဘောလုံးပြိုင်ပွဲကို လာမယ့် မေ ၁၃ ရက်နေ့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဘောလုံးအဖွဲ့ချုပ်၊ အားကစားနဲ့ ကာယပညာဦးစီးဌာန၊ Pocari Sweat တို့ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာစပယ်ရှယ်မီဒီယာနဲ့ အားကစားအေဂျင်စီတို့က စီစဉ်ကျင်းပတာဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ အသင်းအရေအတွက် အများဆုံး အပျော်တမ်း ပြိုင်ပွဲဖြစ်ပြီး အပျော်တမ်း ကစားသမားတွေအတွက် ပြိုင်ပွဲတွေ မရှိသေးတာကြောင့် ကျင်းပရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။
ဒီပြိုင်ပွဲမှာ အသင်းပေါင်း ၇၄ သင်းကို ၄ သင်းပါတဲ့အုပ်စုနဲ့ ၆ သင်းပါတဲ့အုပ်စု စုစုပေါင်း ၁၆ အုပ်စု ခွဲဝေထားပါတယ်။
အသင်းတစ်သင်းက ပွဲစဉ် ၂ ပွဲပဲ ကစားရမှာဖြစ်ပြီး အမှတ်အများဆုံးအသင်းတစ်သင်းက ၁၆ သင်းအဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
အပျော်တမ်းပြိုင်ပွဲမှာ ထိပ်ဆုံး ၂ သင်း စာရင်းဝင်တဲ့အသင်းတွေအနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ရှုံးထွက်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။