Home
အနုပညာ
မြန်မာ့ပန်းချီပညာရှင် နိုင်ငံတကာအနုပညာပြပွဲတွင် အကောင်းဆုံးပန်းချီပညာရှင်ချန်ပီယံဆု ရရှိ
ပြည့်ဘုန်းအောင်
·
May 8, 2017
တိုင်ပေ(ထိုင်ဝမ်) အနုပညာလှုပ်ရှားမှု ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို မြန်မာနိုင်ငံသား ပန်းချီဇွဲရန်နိုင် ဆွတ်ခူးရရှိခဲ့ပါတယ်။ ထိုင်ဝမ် နိုင်ငံတကာ ခေတ်ပြိုင် ပန်းချီပညာရှင်အဖွဲ့မှ အာရှရဲ့ ထိပ်တန်းအနုပညာပြပွဲတခု ဖြစ်တဲ့ တိုင်ပေအနုပညာလှုပ်ရှားမှု အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ဒီအနုပညာပြပွဲမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံက နိုင်ငံတကာမှ ကျော်ကြားတဲ့ အနုပညာရှင်ပေါင်း ၃၆၀ ကျော်က အနုပညာလက်ရာပေါင်း ၃၀၀၀ ကျော် ယှဉ်ပြိုင်တဲ့ထဲကမှ မြန်မာနိုင်ငံသား ပန်းချီဇွဲရန်နိုင်ရဲ့ ပြိုင်ပွဲဝင် ပန်ချီကားက ဆုရရှိတာပါ။ “ဒီပြိုင်ပွဲမှာ ဆုရရှိလိမ့်မယ်လို့ လုံးဝ မထင်ထားမိပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက နိုင်ငံတကာက ကျော်ကြားထင်ရှားတဲ့ အနုပညာရှင်တွေ အများကြီး ယှဉ်ပြိုင်တယ်လေ။ ပြီးတော့ ပြိုင်ပွဲကို ကျနော်က ပန်းချီတကားတည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ။ အခုလို ဆုရခဲ့တော့ နောက်ပြုလုပ်မယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် လမ်းစတစ်ခု ရသွားတာပေါ့လို့” ပန်းချီဇွဲရန်နိုင်က ဒီဗွီဘီနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။ ပန်းချီဇွဲရန်နိုင်ဟာ ပြိုင်ပွဲမှာ အောင်ဆန်းစုကြည်လို့ အမည်ပေးထားတဲ့ ပန်းချီကားနဲ့ ဆုရရှိခဲ့တာပါ။ ဒီပန်းချီကားဟာ collage(ကော်လတ်) ပန်းချီအမျိုးအစားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ပြည်တွင်းက တံဆိပ်ခေါင်းအဟောင်း ၁၀၀၀ ကျော်နဲ့ ပုံဖော်ရေးဆွဲထားတာပါ။ ထိုင်ဝမ် နိုင်ငံတကာ အနုပညာပြပွဲကို ၂၀၁၁ ကစပြီး ကျင်းပခဲ့ရာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင်ဆု ပြိုင်ပွဲမှာ ချန်ပီယံဆု မြန်မာနိုင်ငံသားတဦးအနေနဲ့ ပန်းချီဇွဲရနိုင်က ပထမဦးဆုံးအကြိမ် ရရှိတာပါ။ တိုင်ပေအနုပညာလှုပ်ရှားမှု ၂၀၁၇ အနုပညာပြပွဲကို ဧပြီ ၁၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024