မန်ယူအသင်း အာဆင်နယ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်၊ ၂၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့် (ရုပ်သံ)

894
မနေ့ညက ကန်သွားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ၂၅ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကျိုးသွားပါတယ်။
ပထမပိုင်းမှာ နှစ်ဘက်ဂိုးသွင်းခွင့်တွေအပြန်အလှန်ရခဲ့ပေမယ့် အာဆယ်နယ်ရဲ့ ကန်ချက် တွေကို မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့သလို မန်ယူက မာစီရယ်နဲ့ ရူနီတို့တို့ ရတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာတော့ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ဇာကာက အဝေးကနေကန်သွင်းရာမှာ မန်ယူကစားသမား ဟာရဲရားရဲ့နောက်ကျောနဲ့ ထိပြီး ဂိုးဝင်သွားခဲ့ တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ဒုတိယအနိုင် ဂိုးကိုတော့ ပွဲချိန် ၅၇မိနစ်မှာ ချိန်ဘာလိန် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ၀ဲလ်ဘတ်ကခေါင်းတိုက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအတွက်တော့ မန်ယူနည်းပြ မော်ရင်ဟိုကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအနိုင်ရရှိခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။