စာရေးဆရာလင်းယုန်မောင်မောင် အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲ ကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
May 7, 2017
မြန်မာစာပေလောကမှာ လူသိများထင်ရှားတဲ့ စာရေးဆရာ လင်းယုန်မောင်မောင် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ သံဈေး Yangon Book Plaza မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
စာရေးဆရာလင်းယုန်မောင်မောင်ဟာ ဘာသာပြန်နဲ့ စုံထောက်ဝတ္တုပေါင်း ၅၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး သူဘာသာပြန်ဆိုရေးသားခဲ့တဲ့စာအုပ်တွေထဲမှာ ဟစ်တလာနဲ့ ကပ်စထရို အကြောင်း စာအုပ်တွေက ထင်ရှားလူကြိုက်များပါတယ်။
စာရေးဆရာလင်းယုန်မောင်မောင်ဟာ၁၉၂၅ခုနှစ်က မုံရွာမြို့မှာ မွေးဖွားခဲ့ပြီး ၂၀၀၂ ခုနှစ်မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ထွန်းထွန်းသိန်း