လန်ဒန်မြို့ရှိ စိန့်မေရီ ဆေးရုံကို ဒေါ်အောင်ဆန်းစုကြည်လေ့လာ ( ဓာတ်ပုံ)
DVB
·
May 7, 2017
ဥရောပ ၃ နိုင်ငံ တရားဝင်ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေ ၅ ရက် ညနေက ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စိန့်မေရီဆေးရုံကို သွားရောက်လေ့လာခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စိန့်မေရီ ဆေးရုံမှာ သင်ကြားရေးအထောက်အကူပြု ခေတ်မီပစ္စည်း ကရိယာတွေ အသုံးပြုပြီး ဆေးကုသ သရုပ်ပြနေတာတွေကို လှည့်လည်ကြည့်ရှုခဲ့တယ်လို့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အဆိုပါ ဆေးရုံဟာ မြန်မာနိုင်ငံဆေးပညာသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနနဲ့ ပူးပေါင်းကူညီထောက် ပံ့ပေးနေတဲ့ ဆေးပညာဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆေးရုံ ဖြစ်တယ်လို့ သိရပါတယ်။