မိထ္ထီလာ-မလှိုင် ကားလမ်းနံဘေးက မြန်မာ့ရိုးရာ ထန်းလျက်လုပ်ငန်း -(ဓာတ်ပုံ)
DVB
·
May 6, 2017
ထန်းတက်သမားတွေ ရှားပါးချိန်၊ ထန်းလျက်ဈေးမကောင်းလို့ ထန်းလျက်လုပ်ငန်း မတွင်ကျယ်တော့ပေမယ့် မိထ္ထီလာ-မလှိုင် ကားလမ်းနံဘေး၊ မလှိုင်မြို့ အနီး သဘွေ့ကုန်းရွာက မိသားစုတွေကတော့ ထန်းလျက်လုပ်ငန်းကို တစိုက်မတ်မတ်ဆက်လုပ်ကိုင်နေကြပါတယ်။
ထန်းလျက် ၁ ပိသာကို ဖောက်သည်ဈေး ကျပ် ၁၅၀၀ ပဲရပေမယ့်လို့ မိသားစုဝမ်းရေးအတွက် ထန်းတက်ပြီး ထန်းလျက်ချက်တဲ့ အလုပ်ကို လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။
ခလေးတွေကြီးလာရင် ထန်းပင်မတက်ခိုင်းချင်၊ ထန်းလျက်မချက်ခိုင်းချင်ပေမယ့် အခုချိန်မှာတော့ ကူဖော်လောင်ဖက်ရနေတယ်လို့ ကလေး ၃ ယောက်ပညာရေးအတွက် ကောင်းကင်ပေါ်တက် အလုပ်လုပ်နေရတဲ့ အိမ်ထောင်ဦးစီး ဦးတင်လှိုင်ကပြောပါတယ်။
သတင်း-ဓာတ်ပုံ - အောင်ကျော်ဇော